About Us

ဌာနအကြောင်း

ခန္ဓာဗေဒဌာနသည် တိရစ္ဆာန်ဆေးကုဆရာဝန်များအတွက် သာမက မွေးမြူရေး ပညာရှင်များအတွက်ပါ အရေးကြီးသော တိရစ္ဆာန်များ၏ ခန္ခာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံ နှင့် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများအကြောင်း လေ့လာသည့် ဘာသာရပ်များကို အဓိက တာဝန်ယူ သင်ကြားပေး လျက်ရှိပါသည်။

ခန္ဓာဗေဒဌာနသည် လူသားများ အတွက် စားနပ်ရိက္ခာဖြစ်စေသော ကုန်းနေ/ရေနေ သတ္တဝါများ၊ ခွန်အားအဖြစ် အသုံးပြုနိုင်သော သတ္တဝါများ၊ အိမ်မွေးတိရစ္ဆာန်များ၊ တိရစ္ဆာန်ရုံတွင် လေ့လာတွေ့ရှိနိုင်သော သတ္တဝါများ၊ သုတေသနအတွက် ဓါတ်ခွဲခန်းသုံး သတ္တဝါများ၊ တောရိုင်းတိရစ္ဆာန်များ အစရှိသည့် သတ္တဝါများ၏ ခန္ခာကိုယ် တည်ဆောက်ပုံ နှင့် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများ အကြောင်းကိုလည်း အသေးစိတ် သင်ကြားပေး လျှက်ရှိပါသည်။ ထို့ပြင် ခန္ဓာဗေဒဘာသာရပ်ကို သာမန်မျက်စိဖြင့် လေ့လာသည့် မျက်မြင်ခန္ဓာဗေဒ၊ ခန္ဓာကိုယ်၏ အခြေခံပစ္စည်းဖြစ်သည့် ဆဲလ်များအကြောင်းကို အဏုစိတ် လေ့လာသည့် တစ်သျှူးဗေဒ နှင့် သတ္တဝါများ၏ သန္ဓေသားဖွံ့ဖြိုးမှုအဆင့်ဆင့်ကို လေ့လာ သည့် သန္ဓေဗေဒ စသည့်ဘာသာရပ်ခွဲများဖြင့် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၏ ဒုတိယနှစ်နှင့် တတိယနှစ် ကျောင်းသား၊ကျောင်းသူများအား သင်ကြားပေးလျှက်ရှိပါသည်။ ခန္ဓာဗေဒဘာသာရပ်အထူးပြု နှင့် တစ်သျှူးရောဂါဗေဒဘာသာရပ်အထူးပြု ဘွဲ့ကြို/ ဘွဲ့လွန် ကျောင်းသား၊ ကျောင်းသူများအတွက် သက်ဆိုင်ရာသုတေသနလုပ်ငန်းများ ကို ကြီးကြပ်ဆောင်ရွက်ပေး လျှက်ရှိပါသည်။ ထို့အပြင် နိုင်ငံတော်၏သား/ငါးကဏ္ဍဖွံ့ဖြိုးတိုး တက်ရေး၊ စားနပ်ရိက္ခာဖူလုံရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေမည့် သုတေသနလုပ်ငန်းများကို ဦးစားပေးဆောင် ရွက်လျှက်ရှိပါသည်။

ဥယျောဇဉ်

သက်ရှိသတ္တဝါတိုင်းအတွက် အသက်ရှင်နေထိုင်ရန် ခန္ဓာတစ်ခု မရှိမဖြစ်လိုအပ် သကဲ့သို့ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်တွင် ပညာသင်ကြားမည့် သားငယ်သမီးငယ် တိုင်း အတွက်လည်း ခန္ဓာဗေဒဘာသာရပ်သည် မသိမဖြစ် လေ့လာရမည့် ဘာသာရပ်တစ်ခု အဖြစ် ပါဝင်နေပါသည်။

တိရစ္ဆာန်ဆေးကုဆရာဝန်လောင်းများအတွက် တိရစ္ဆာန်များ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံ အကြောင်းကို သာမန်မျက်စိဖြင့် လေ့လာသည့် မျက်မြင်ခန္ဓာဗေဒ၊ အဏုကြည့်မှန်ဘီလူးဖြင့် အသေးစိတ်လေ့လာသည့် တစ်သျှူးဗေဒ၊ သန္ဓေသားဖြစ်ပေါ်ပုံအဆင့်ဆင့်ကို လေ့လာသည့် သန္ဓေဗေဒတို့သည့် အခြေခံဘာသာရပ်များအဖြစ် မဖြစ်မနေ လေ့လာရန် လိုအပ်ပါသည်။ အခြေ ခိုင်မှသာ ထူးချွန်ထက်မြတ်သည့် တိရစ္ဆာန်ဆေးကုဆရာဝန်များ ဖြစ်လာနိုင်ပါသည်။

မွေးမြူရေးပညာရှင်လောင်းများအနေဖြင့် ကုန်းနေ၊ ရေနေ မွေးမြူရေး တိရစ္ဆာန်များ ၏ ခန္ဓာကိုယ်အကြောင်း လေ့လာသည့် ခန္ဓာဗေဒဘာသာရပ်နှင့် သန္ဓေဗေဒဘာသာရပ်တို့ကို ကျွမ်းကျင်ပိုင်နိုင်စွာ လေ့လာထားရန် လိုအပ်ပါသည်။ သို့မှသာ မိမိတို့နိုင်ငံ၏ စားနပ်ရိက္ခာ ဖူလုံရေးအတွက် အထောက်အပံ့ပေးနိုင်သည့် လူ့စွမ်းအား အရင်းအမြစ်များ ဖြစ်လာနိုင် ပါသည်။ ခန္ဓာဗေဒဌာနသည့် နိုင်ငံတော်၏ သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ စားနပ်ရိက္ခာ ဖူလုံရေး အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေမည့် တိရစ္ဆာန်များ၏ ခန္ဓာကိုယ် ကိုလေ့လာသည့် သုတေသနလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်လျက်ရှိပြီး စိတ်ပါဝင်စားသူ များနှင့် လက်တွဲဆောင်ရွက်ရန် အသင့်စောင့်ကြိုနေပါသည်။

About Image

99

Years

99

Lecturers

99

Enrollment

99

Graduates

Faculty Members

Professor Dr. Min Bo

Professor Dr. Min Bo

Professor/ Head

BVSc, MVSc, MAgr (Hokkaido), PhD (Hokkaido) Professor/ Head

Assoc. Prof. Dr. Si Thu Hein

Assoc. Prof. Dr. Si Thu Hein

Associate Professor
Dr. Hnin Wai Phyu

Dr. Hnin Wai Phyu

Lecturer

LecturerBVSc, MVSc, PhD (Thesis) 09401632494hninwaiphyu@uvsyezin.edu.mmhninwaiphyu5121992@gmail.com

Dr. Nay Zin Myo

Dr. Nay Zin Myo

Lecturer

LecturerBVSc, MVSc, PhD (Chulalongkorn University) (2025) 09797709109drnayzin@uvsyezin.edu.mmnayzinmyo3730@gmail.com

Dr. Wai Lwin Oo

Dr. Wai Lwin Oo

Lecturer

BVSc, MVSc, MSc (UPLB), PhD (Thesis) Lecturer

Daw Phyu Moh Thwal Khant

Daw Phyu Moh Thwal Khant

Demonstrator

BASc, MASc (Thesis) Demonstrator